ကဏန်းမဆလာကို အိမ်မှာ အဝချက်စားမယ်

ကဏန်းမဆလာကို အိမ်မှာ အဝချက်စားမယ်

20 မိနစ်

2 ဦးစာ

အလယ်အလတ်

ပင်လယ်စာတွေထဲမှာ အသားအရသာအရှိဆုံးဘုရင်လို့ဆိုတာနဲ့ ကဏန်းပဲ ပြေးမြင်ကြမှာအသေအချာပါပဲ။ဒီတစ်ခါတော့ လတ်လတ်ဆတ်ဆတ်ချိုနေတဲ့ ကဏန်းနီကြီးတွေကို မဆလာလေးနဲ့ချက်ပြီး အားရပါးရကဏန်းကိုက်ကြဖို့ How to cook team ကတင်ဆက်ပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရွှံ့ကဏန်း (သန့်စင်ပြီး) ၅ ကောင်
  • မဆလာ ထမင်းစားဇွန်း တစ်ဝက်
  • နို့စိမ်း ထမင်းစားဇွန်း ၆ ဇွန်း
  • ခနောကြက်သားမှုန့် ထမင်းစားဇွန်း သုံးပုံတစ်ပုံ
  • ကြက်သွန်နီ ၁ လုံး (ထောင်းထားပါ)
  • ကြက်သွန်ဖြူ ၁ မြွှာ (ထောင်းထားပါ)
  • ဆီ ၅ ကျပ်သား
  • ရှမ်းနံနံ ၅ ပင်
  • ကြက်ဥ ၁ လုံး
  • ရေ ၅၀ မီလီလီတာ

ချက်ပြုတ်ပြင်ဆင်ပုံ

  1. ပထမဆုံးဆီကို မကပ်တဲ့ အိုးထဲထည့်ပြီး ကြက်သွန်ဖြု၊နီနဲ့မဆလာထည့်ကာ ကဏန်းပါရောထည့်ပြီး ဆီသတ်ပါမယ်။

  2. ခနောကြက်သားမှုန့်ထည့်ပါ။ ပြီးတာနဲ့ ရေ၅၀မီလီဝန်းကျင်ခန့်ကို အိုးထဲထည့်ပါမယ်။

  3. အဲ့ဒီအနှစ်ရည်ကို ခမ်းအောင် တည်ပါမယ်။ ခမ်းလာတာနဲ့ နို့စိမ်းထည့်ပါမယ်။

  4. နောက်ဆုံးမှ ကြက်ဥဖောက်ထည့်မွှေပြီး ရှမ်းနံနံပင်အုပ်ကာ အိုးပေါ်မှချလိုက်တာနဲ့ မဆလာနံ့သင်းပြီး ဆိမ့်မွှေးနေတဲ့ ကဏန်းမဆလာချက်စိမ့်စိမ့်လေးကို အဝကိုက်လို့ရပါပြီ။

  5. ဒီနည်းမဟုတ်ဘဲ တခြားချက်ဖြစ်နေတဲ့နည်းတွေရှိရင်လည်းမျှဝေသွားနိုင်ပါတယ်။

 
         

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent