သက်သတ်လွတ်စားမယ်ဆို ဘယ်လိုအစားအစာတွေကို အဓိကစားသင့်လဲ
အကြောင်းအမျိုးမျိုးနဲ့ သက်သတ်လွတ်စားတဲ့သူတွေ အဖို့ အစားအစုံစားသူတွေထက် အာဟာရပိုင်းကို ပိုဂရုစိုက်ရမှာ အမှန်ပါ။ အသားတွေဆီက ရနိုင်တဲ့ ဗီတာမင်အစားထိုးရရှိနိုင်ဖို့အတွက် သက်သတ်လွတ်အစားအစာတွေကို သေသေချာချာ ရွေးချယ်စားသုံးတတ်ဖို့ လိုပါတယ်နော်။ ဒါကြောင့် သက်သတ်လွတ်စားတတ်သူတွေအတွက် အာဟာရပြည့်ကျန်းမာစေဖို့ ရွေးချယ်စားသုံးသင့်တဲ့ အစားအသောက်တွေကို မျှဝေပေးချင်ပါတယ်။
အစိမ်းရောင်အသီးအရွက်တွေကို အနည်းဆုံး တစ်ပတ်သုံးကြိမ်စားပေးပါ
ကယ်လ်ဆီယမ်နဲ့ သံဓာတ်ပြည့်ဝဖို့အတွက် ဟင်းနုနယ်လိုမျိုးအရွက်တွေကို ရွေးချယ်စားသုံးပေးပါ။ မနက်တိုင်းကော်ဖီသောက်မယ့်အစား အစိမ်းရောင်ရှိတဲ့ အသီးအရွက်၊ အသီးအနှံဖျော်ရည် Green Smoothie တွေကို ရွေးချယ်သောက်သုံးပေးဖို့ လိုပါတယ်။ ဟင်းလျာတွေ ပြင်ဆင်တိုင်းမှာ ပန်းပွင့်စိမ်း၊ မုန်ညင်းဖြူ၊ မုန်ညင်းစိမ်း၊ ကိုက်လန်၊ ကန်စွန်းရွက်တွေကို တစ်ခုမဟုတ်တစ်ခု ထည့်သွင်းစားသုံးဖို့ လိုပါတယ်။

ရေဓာတ်ပြည့်ဝအောင် နေထိုင်ပါ
ရေများများသောက်ပေးခြင်းက ကိုယ်တွင်းကို သန့်စင်ပေးသလို အဆာလည်း ခံစေပါတယ်။ ရေများများသောက်သူဟာ အသားအရေစိုပြည်လှပလာပြီး အစားအသောက်တွေကို လောဘတကြီးစားသောက်ချင်တာမျိုး၊ ဗိုက်ဆာလွယ်တာမျိုး မရှိတော့ပါဘူး။ရေချည်းပဲ သောက်ရတာ ရိုးလာရင် မိမိနှစ်သက်ရာ အသီးအနှံလေးတွေ ထည့်ပြီး အေးအေးမွှေးမွှေးလေး သောက်သုံးပေးနိုင်ပါတယ်နော်။

ပရိုတင်းကြွယ်ဝပါစေ
သက်သတ်လွတ်စားသူတွေအနေနဲ့ ပဲနဲ့ တို့ဟူးလိုမျိုး ပရိုတင်းကြွယ်ဝတဲ့ အစားအသောက်တွေကို မဖြစ်မနေ စားသောက်သင့်ပါတယ်။ အစေ့အဆံတွေဆီကနေလည်း ပရိုတင်းကို ရရှိနိုင်ပါတယ်။ ကညွတ်၊ ပဲထောပတ်၊ ကုလားပဲ၊ ပဲပိစပ်၊ ပဲပင်ပေါက်၊ ပဲပြား၊ ပြောင်းဖူး၊ မှို၊ ဂေါ်ဖီထုပ်၊ ဘရိုကိုလီတို့လို အရာတွေဟာ ပရိုတင်းပါဝင်မှု အမြင့်ဆုံးဖြစ်တာမို့ မဖြစ်မနေစားသုံးပေးဖို့ လိုပါတယ်နော်။

ဗီတာမင် B12 ဖြည့်ပေးပါ
သက်သတ်လွတ်စားသုံးသူတွေဟာ အသား၊ ငါးဆီက ရတဲ့ ဗီတာမင် B12 ကိုတော့ လုံလုံလောက်လောက်မရရှိတတ်တာ တွေ့ရပါတယ်။ အသား၊ငါးရှောင်ကြဥ်ပြီး နို့နဲ့ နို့ထွက်ပစ္စည်းစားသုံးတယ်ဆိုရင်တော့ ဗီတာမင် B12 ရရှိဖို့ ပိုပြီး အဆင်ပြေလွယ်ကူပါတယ်။ ဗီတာမင် B12 ကို ဖြည့်စွမ်းပေးနိုင်တဲ့ ဒိန်ချဥ်၊ ကွေကာအုတ်၊ ချိစ်၊ အဆီထုတ်နွားနို့တွေကို စားသုံးပေးဖို့ လိုပါတယ်။ ဒါမှမဟုတ် ဗီတာမင် B12 ကို ဖြည့်စွက်စာအနေနဲ့ ဆရာဝန်ညွန်ကြားတဲ့အတိုင်း သောက်သုံးပေးဖို့ လိုပါတယ်နော်။
သက်သတ်လွတ်စားသူတွေအနေနဲ့ ဒီအချက်လေးတွေကို စဥ်းစားပြင်ဆင်ပေးရင်တော့ အာဟာရပြည့်ဝပြီး ကျန်းမာလန်းဆန်းနုပျိုတဲ့ သက်သတ်လွတ်စားသုံးသူတစ်ယောက်ဖြစ်လာမှာ အသေအချာပါပဲနော်။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်