ချက်ပြုတ်နေစဥ် ဆီစင်တာကို လျှော့ချနည်း ၃ နည်း

နေ့စဥ်ဟင်းချက်ကြော်လှော်နေရတဲ့ အိမ်ရှင်မတွေရဲ့ ဘဝမှာ ဆီပူလောင်တာတွေ၊ ဒဏ်ရာအနာတရတွေက မစိမ်းတော့ပါဘူး။ အမြဲတမ်းဆီပူလောင်နေတာတွေက ကြာလာရင် အလှလည်း ပျက်တဲ့အပြင် ဆီပူတွေ အနာတရတွေ အမာရွတ်တွေ ဖြစ်ကျန်နိုင်ခဲ့တာမို့ ဆီပူရှောင်ဖို့ နည်းလမ်းတွေ လိုလာပါပြီ။

၁) ဆား ဒါမှမဟုတ် ဂျုံကို အမှုန့်နည်းနည်းလေး ဆီပူထဲ မကြော်ခင် အရင်ထည့်လိုက်ပါ။ သူတို့က ဆီထဲမှာ ရှိတဲ့ အစိုဓာတ်ကို စုပ်ယူသွားတာမို့ ကြော်တဲ့အခါ ဆီပေါက်တာတွေ သက်သာသွားစေပါတယ်။

၂) နောက်တစ်နည်းကတော့ ကြော်မယ့် အသားတွေ အစားအစာတွေကို တတ်နိုင်သလောက် ရေစင်အောင် ခါပြီးမှ​ ကြော်ဖို့ လိုသလို ခန္ဓာကိုယ်မှာလည်း Apron သေချာဝတ်ပေးပါ။ ပြီးတော့ အဖုံးဖုံးပြီး ကြော်တာ ဒါမှမဟုတ် Splattering Screen  အုပ်ကြော်ပေးရင် ဆီစင်တာကို လျော့ပါးစေနိုင်ပါတယ်။

၃) မုန့်နှစ်တွေ ကြော်တဲ့အခါ ရေကျက်အေးနဲ့ နယ်ပြီး အနည်းဆုံးတစ်နာရီလောက် နှပ်ပေးပါ။ ပြီးမှ ဆီကို မီးအေးအေးထားပြီး ကြော်ရင် ဆီမပေါက်ဘဲ အေးအေးဆေးဆေးကြော်လို့​ရမှာ ဖြစ်ပါတယ်။

ဒီလို နည်းတွေက အိမ်ရှင်မတွေအတွက် အမှန်အကန်အသုံးဝင်မယ့် ဆီပူမလောင်နည်းတွေမို့ မှတ်သားထားဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။