ခရီးသွားတဲ့အခါ လွယ်လွယ်နဲ့ အထားခံမယ့် စားစရာတွေ စီစဥ်သွားရအောင်
ခရီးစဥ်တစ်ခု စစီစဥ်တာနဲ့ လမ်းကြောင်းနဲ့ ကြာချိန်အနေအထားပေါ်မူတည်ပြီး ဗိုက်ဆာတတ်တဲ့ သူတွေရှိရင် ကြိုတင်ထုပ်ပိုးသွားရမှာ ကိုယ့်တာဝန်ပါ။ ဒါဆို တာရှည်အထားခံပြီး ဗိုက်ဝတဲ့ အစားအစာလေးတွေ သယ်သွားဖို့ စဥ်းစားကြည့်ပါလား။
၁) အစေ့အဆံတွေ ခွာပြီး သယ်သွားပါ။ Walnut ၊ Macadamia ၊ မြေပဲတို့လို အစေ့အဆံတွေကို လေလုံအိတ်လေးနဲ့ ကျစ်ကျစ်လျစ်လျစ်ထည့်သွားပြီး ဗိုက်ဆာတိုင်း ဝါးနေလိုက်ရင် အဆာပြေစားလို့ ရပါတယ်။

၂) မူးမော်တတ်တဲ့သူတွေအတွက် စတော်ဘယ်ရီသီးခြောက်လေးတွေ၊ ဘယ်ရီသီးခြောက်လေးတွေနဲ့ နာနတ်ကွင်း၊ သရက်ကွင်းခြောက်လေးတွေကို ဘူးလေးနဲ့ ထည့်ဆောင်သွားပါ။
၃) Crackers နဲ့ ကွတ်ကီးတွေကိုလည်း မေ့လို့ မဖြစ်ဘူးလေ။ သူတို့ကိုလည်း မကြေမွသွားအောင် ဘူးလေးတစ်ခုထဲ သယ်သွားနိုင်ပါတယ်။
၄) လမ်းမှာ ပိုးမွှားကင်းကင်းနဲ့ အလွယ်တကူရေခပ်သောက်ဖို့ ရေသန့်ဘူးလေးတစ်ခုတော့ လိုတယ်နော်။

၅) French Bread တို့လို ကြာရှည်ခံပြီး အဆာပြေစေတဲ့ ပေါင်မုန့်လေးတွေ လှီးထည့်ထားရင် လမ်းမှာ ဘာနဲ့မဆို တွဲဖက်စားလို့ ရတယ်လေ။
ဒီလောက်ဆိုရင်တော့ ခရီးသွားရင် ဗိုက်အဆာမခံဘဲ သာသာယာယာ ခရီးဆက်လို့ ရပါပြီ။
AddThis is disabled because of cookie consent
Lifestyle