ကန်စွန်းရွက်ကို အစိမ်းရောင်မပျောက်အောင် ဘယ်လို ကြော်မလဲ
အန်တီမြပြောပြတဲ့ ကန်စွန်းရွက်ကို စိမ်းစိမ်းလေး ဖြစ်အောင် ကြော်တဲ့ လျှို့ဝှက်ချက်
အခုခေတ်လို အချိန်ရှားပြီး တစ်အိမ်သားလုံး လှုပ်ရှားရုန်းကန်နေရတဲ့ အခိုက်မှာ အိမ်ရှင်မတွေဟာလည်း မိသားစုအတွက် ကောင်းနိုးရာရာဟင်းတွေကို ချက်ပြုတ်စီမံပေးပြီး အဓိက အခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေကြရပါတယ်။
တာမွေမြို့နယ်မှာ နေတဲ့ အန်တီမြကတော့ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး ခင်ပွန်းသည်နဲ့ သားသမီး ၃ ယောက်နဲ့အတူ နေထိုင်နေတာလည်း ဖြစ်ပါတယ်။ ငယ်ငယ်တည်းက အချက်အပြုတ်ကို ဝါသနာပါပြီး ကျွမ်းကျင်ပေမယ့် တခြားအိမ်ရှင်မတွေနည်းတူ ဟင်းချက်ရာမှာ အခက်အခဲလေးတွေ ကြုံခဲ့ရဖူးပါတယ်။
ဒါကိုတော့ “အန်တီ ငယ်ငယ်က ကြုံခဲ့တာတော့ ကန်စွန်းရွက်လို အစိမ်းရောင်အရွက်တွေကို ကြော်လိုက်တိုင်း စိမ်းစိမ်းလေး မဖြစ်နေဘဲ မည်းမည်းသွားတာပေ့ါ၊ အန်ကယ်ကလည်း အဲဒီလို အရွက်ကြော်ဆိုရင် စိမ်းစိမ်းလေးကြော်မှ ကြိုက်တာလေ၊ ဒါနဲ့ အန်တီလည်း အဒေါ်တွေ၊ အဖွားတွေကို မေးရတော့တာပေ့ါ” လို့ ပြောပြခဲ့ပါတယ်။
အခုချိန်မှာတော့ အန်တီမြရဲ့ ကန်စွန်းရွက်ကြော်လက်ရာဟာ စားချင်စဖွယ် စိမ်းမြနေတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကန်စွန်းရွက်ကြော်နည်းကိုတော့ အန်တီမြက “အန်တီကတော့ အရင်ဆုံး အကောင်ပလောင်ကင်းအောင် ကန်စွန်းရွက်ကို ဆားရေလေးနဲ့ အရင်ဆေးလိုက်တယ်၊ ပြီးရင် မီးပြင်းပြင်းနဲ့ ဆီပူအောင် တည်လိုက်တယ်၊ "
"ပြီးတော့မှ အိုးထဲ ဆားလေး အရင်ထည့်လိုက်တယ်၊ အဲ့ဒါအဓိကနော်၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေး ဓါးပြားရိုက်ပြီးထည့်တယ်၊ ပြီးရင် ကန်စွန်းရွက်ထည့်ပြီး အချိုအငန်အတွက်တော့ ခနောကြက်သားမှုန့်လေးထည့်ပြီး မီးပြင်းပြင်းနဲ့ ကြော်လိုက်တာပါပဲ၊ အဖုံးတော့ မအုပ်မိစေနဲ့နော် မည်းသွားတတ်တယ်” လို့ လည်း ရှင်းပြခဲ့ပါသေးတယ်။
How to Cook ပရိသတ်တွေ အနေနဲ့လည်း မီးဖိုချောင်အတွင်းက အခက်အခဲတွေ ရှိရင် Comment Box မှာ မျှဝေလို့ရသလို အန်တီမြရဲ့ ကန်စွန်းရွက်စိမ်းစိမ်းလေး ဖြစ်အောင်ကြော်နည်းကိုလည်း စမ်းကြည့်လိုက်ပါဦးလို့ တိုက်တွန်းလိုက်ပါရစေ။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်