အိမ်လုပ် အသားကင် Sauce လုပ်နည်း ၃ မျိုး

ကျွန်တော်တို့ တော်တော်များများ ဘာဘီကျု (BBQ) ကင်စားတဲ့အခါ စားတော့စားလိုက်တာပဲ။ ဒါပေမယ့် ဆရာမပြ နည်းမကျဆိုသလိုပေါ့ဗျာ အသားက အရသာဘာလိုလို့ လိုနေမှန်းမသိ ဆိုင်မှာစားရသလိုကို အရသာမရှိတာ ကြုံဖူးကြရဲ့မလား? တကယ်တော့ အရသာအရှိဆုံးနဲ့ နူးညံ့မွှေးအိနေမယ့် BBQ ကင်တစ်ပွဲရဲ့ ပင်မအသက်က အဲ့ဒီ BBQ ကင်ခါနီးနှပ်ထားဖို့ အသားကိုနှပ်ရတဲ့ ဆော့စ် (Sauce) ဆိုတာ တော်ရုံလူတွေ မသိကြသေးဘူးလေ။

ဆိုတော့ကာ ကျွန်တော်တို့ How to Cook Team ကနေပြီး BBQ ကင်ဖို့၊အနံ့ရလာတာနဲ့ မွှေးကြိုင်တက်လာမယ့် အသားကင်တွေရဖို့ အကောင်းဆုံးအိမ်လုပ်အသားကင်ဆော့စ်စပ်နည်း (The best 3 homemade barbecue sauce) ၃ မျိုးကို မှတ်ရလွယ်အောင် သတင်းလေးပေးလိုက်ချင်ပါသဗျ။

ဒါဆို ပထမဆုံးနည်းလေးနဲ့စလိုက်ရအောင်ဗျာ။

ချင်းနံ့သင်းမွှေး မြန်မာ့နည်းမြန်မာ့ဟန်ကြက်သွန်ဖြူဆော့စ်လေး

Garlic and ginger paste

ချင်းနံ့သင်းမွှေးကြက်သွန်ဖြူဆော့စ်လေး (Photo: Shutterstock)

အသားဆိုတာ ညှီတတ်တဲ့ သဘောကိုးဗျ။ အဲ့ဒီအညှီဓါတ်ပျောက်ဖို့ရာ ချင်း၊ ကြက်သွန်ဖြူနဲ့ နိုင်နိုင်အနံ့သတ်ရမယ်လေ။ ဒါဆိုဒီ Sauce လေး လုပ်ကြည့်ပါဦး။ လုပ်နည်းကလည်းလွယ်လွယ်လေး။

ချင်းနဲ့ ကြက်သွန်ဖြူ ၄မွှာခန့်ကို ခပ်စိပ်စိပ်လေးလှီး ကြေညက်အောင်ထောင်းပီး ရလာတဲ့ အရည်ကို သံပုရာမှုန့်လေးထည့်၊ ခုနကကြိတ်ထားတဲ့ အဖတ်တွေရယ်နဲ့ ပြန်ရောထားပေးပါ။

ပထမဆုံး အသားကို ခနောကြက်သားမှုန့်တစ်ဇွန်းခပ်ဖွဖွ ဖြန်းပြီး နှံ့အောင်နယ်ပေးပါ။ ပြီးတာနဲ့ ခုနက ကြက်သွန်ဖြူချင်းရည်နဲ့ သံပုရာမှုန့်စပ်ထားတဲ့ အနှစ်ကို အသားတွေထဲကို နှံ့စပ်နေအောင် နယ်ဖတ်ပေးပါ။ နှံ့ပြီဆိုတာနဲ့ ရေခဲသေတ္တာထဲ အနည်းဆုံး ၃-၄ နာရီလောက်ထားထားရုံနဲ့ ကင်လိုက်တဲ့အခါ ချင်းနဲ့ ကြက်သွန်ဖြူနံ့သင်းမွှေးနေတဲ့ BBQ ကင်လေးတွေရနိုင်ပါပြီ။

တစ်ခုသတိထားရမှာက ချင်းအရမ်းမများရပါဘူး။ ချင်းများရင် ချင်းနံ့ကြီးမွှန်သွားပြီး အသားတွေသဘာဝအနံ့ပျောက်နိုင်ပါတယ်နော်။ ဒီ Sauce နည်းလေးကတော့ အညှီနံ့များတဲ့ အမဲ၊ဆိတ်၊သိုးသားတွေနဲ့ ပိုကိုက်မှာပါ။

ချိုအီမွှေးတဲ့ ယိုးဒယားအကင် အတွက် BBQ Sauce နှပ်နည်း

grilled pork neck

ယိုးဒယားက ဝက်ဂုတ်သားကင်တို့လို အကင်မျိုးက ဘယ်လောက်တောင်စားကောင်းလဲ သိကြရောပေါ့။ ကျွန်တော်တို့ကလည်း အဲ့ဒီ ဝက်ဂုတ်သားကင်လုပ်ဖို့ နယ်ဖတ်ရာမှာလိုတဲ့ Sauce နှပ်နည်းကို သိထားတယ်လေ။ လုပ်ကြည့်ရအောင်ဗျာ။ တစ်ခုရှိတာက ဒီနှပ်နည်းကတော့ ကြက်သား၊ ဝက်သားနဲ့ဆို ပိုလိုက်ဖက်ပါတယ်။ ပထမဆုံး ရိုးရာမပျက် အသားရဲ့ သဘာဝအချိုဓါတ်နဲ့အမွှေးဓါတ်ကို ပိုပံ့ပိုးပေးဖို့ ခနောကြက်သားမှုန့်လေးနဲ့အသားကိုနယ်ဖတ်ထားပေးပါ။ ပြီးတာနဲ့ ချင်းနဲ့ ကြက်သွန်ဖြူကို ထန်းလျက်တစ်တုံးနဲ့ ကြေညက်နေအောင်ထောင်း၊ ပဲငံပြာရည်အကြည်၊ခရုဆီနဲ့ ရောမွှေပြီး ခုနက ခနောကြက်သားမှုန့်နယ်ထားတဲ့ အသားနဲ့ရောမွှေနှပ်ပြီး ရေခဲသေတ္တာထဲ ၃၊ ၄ နာရီ ထားပေးရင် အနံ့အရသာနဲ့ ပြည့်စုံတဲ့ ဝက်ဂုတ်သားကင်လေး ရပါပြီ။

ကိုရီးယားဆန်ဆန် ချိုချဉ်မွှေးမွှေး အသားပြားလေးကင်ကြမယ်

Korea BBQ

ဒါကကျတော့ ကိုရီးယားတွေ ဆိုဂျူးလေးနဲ့ မြည်းလို့ သိပ်ကောင်းတဲ့အသားပြားကင်နည်းခင်ဗျာ။ ဒါကို ကျွန်တော်တို့လည်း လိုက်လုပ်ကြည့်လို့ ရပါတယ်။ ပစ္စည်းတွေစုံပြီဆို အသားကို ခနောကြက်သားမှုန့်နဲ့ တစ်ဖက်မှာနယ်ထားပေးပါ။ နောက်တစ်ဖက်မှာ ကြိတ်စရာ ကြက်သွန်ဖြူကိုကြိတ်ထားပြီး ကျန်တဲ့ နှမ်းဆီ၊သကြားညို၊ ပန်းသီးဗီနီဂါ၊ ဟင်းချက်ဝိုင်နဲ့ ပဲငံပြာရည်အကြည်ကို ထည့်ပြီး မွှေထားပေးပါ။ အဲ့ဒီအခါ အနှစ်ခပ်ပျစ်ပျစ်လေးထွက်လာပါမယ်။ အဆုံးမှ အသားလွှာပေါ် စုတ်တံလေးနဲ့သုတ်ပြီး ကင်ရင်ကင် ၊ မကင်ရင် ရေခဲသေတ္တာထဲတစ်ညနှပ်ထားပြီးမှကင်ပေးပါ။

ဘယ်လောက်တောင်အသားက နူးညံ့အိပြီး ချိုမွှေးနေမလဲ စိတ်ကူးသာယဉ်ကြည့်လိုက်တော့ဗျို့။ ဒီလောက်ဆို အကင်ကင်စားရင် ဘယ်လို အရသာမျိုးပဲလိုချင်လိုချင်၊ ဘယ်လိုလေးပဲကင်စားစား ဒီ ဆော့စ်စပ်နည်း ၃ မျိုးကိုတော့ မဖြစ်မနေမှတ်ထားဖို့တော့ လိုတယ်နော်။ အိမ်မှာ အကင်လုပ်စားနေကြ ပရိသတ်ကြီးတို့ရော ဒီလိုမျိုးဆော့စ်လေးနဲ့ သေချာနှပ်ပြီးစားဖြစ်ကြရဲ့လား။ ဘယ်လို ဆော့စ်နှပ်နည်းလေးတွေကပိုအရသာရှိမလဲ ကျွန်တော်တို့နဲ့အတူ အမြင်တွေဖလှယ်သွားပါဦး။

AddThis is disabled because of cookie consent