နေ့စဉ်ဘဝစမတ်ကျကျဈေးဝယ်ထွက်ကြမယ်
ဈေးဝယ်ထွက်တာများ ပိုက်ဆံလုံလုံလောက်လောက်ပါရင်ရပါပြီလို့ ထင်ရင်မှားသွားပါလိမ့်မယ်။ ဘယ်သူမဆို ဈေးဝယ်ထွက်ရာမှာ ပညာသားပါပါဝယ်ခြမ်းတတ်ဖို့လိုပါတယ်နော်။ ကိုယ့်မိသားစုအတွက် လိုအပ်တာတွေလည်းအားလုံးစုံ၊ မလိုအပ်တာတွေလည်းပါမလာဘဲ ငွေကြေးသုံးစွဲမှုကို သတိရှိရှိထိန်းချုပ်နိုင်စေဖို့ ဈေးဝယ်ထွက်မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ Smart Shopping Tips လေးတွေကို မျှဝေပေးချင်ပါတယ်။
ဒီလို နည်းတွေနဲ့ ဈေးဝယ်ထွက်မယ်
စာရင်းချရေးပါ
ဒါကတော့ အရေးအကြီးဆုံးအဆင့်ပါ။ ဒို့တွေရဲ့အိမ်မှာ ဘာတွေလိုအပ်တယ်၊ ဘာတွေကတော့ မဖြစ်မနေဝယ်ခြမ်းရတော့မယ်၊ ဘယ်လို အရည်အသွေးမျိုး၊ ဘယ်တံဆိပ်မျိုးကို ဝယ်ချင်တယ် စတဲ့ဈေးဝယ်စာရင်းကို ကြိုတင်ပြင်ဆင်ပါ။ ပိုက်ဆံချွေတာချင်တယ်၊ စမတ်ကျတဲ့ ဈေးဝယ်သူဖြစ်ချင်တယ်ဆိုရင် ဒီအဆင့်ကိုကျော်သွားလို့မဖြစ်ပါဘူးနော်။ ဒီလိုမပြင်ဆင်သွားရင်တော့ လိုအပ်တာတွေကျန်ခဲ့၊ မလိုအပ်တာတွေဝယ်မိနဲ့ တော်တော်လေး ကသောင်းကနင်းနိုင်တဲ့ ဈေးဝယ်သူဖြစ်သွားပါလိမ့်မယ်။
အပြင်လိုင်းက စပြီးပတ်ပါ
ကိုယ်ကကျန်းမာရေးကိုအလေးထားတယ်ဆိုရင် Shopping Center ထဲသွားတဲ့အခါ အတွင်းဘက်တည့်တည့် မဝင်သွားဘဲအပြင်လိုင်းကနေ စသွားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ အပြင်လိုင်းမှာက အသီးအနှံ၊ အသီးအရွက်၊ လတ်ဆတ်တဲ့အသား၊ငါး တွေကိုထားရှိတာဖြစ်ပါတယ်။ အတွင်းဘက်ရောက်လေလေ အသင့်လုပ်အမြန်စားအစားအစာတွေ၊ တာရှည်ခံပစ္စည်းတွေပေါင်းစပ်ပါဝင်တဲ့ မုန့်တွေ၊ အအေးတွေ၊ သကြားလုံးတွေ၊ ချောကလက်တွေ၊ အာလူးကြော်တွေကို တွေ့ရတော့မှာပါ။ ကိုယ်က ဒီလိုအစားအသောက်တွေကြိုက်တတ်သူဆိုရင် အများကြီးဝယ်မိနိုင်တာမို့ ကျန်းမာရေးအတွက်မကောင်းတော့ပါဘူးနော်။ ဒါကြောင့် ကျန်းမာရေးနဲ့လည်းညီညွတ်အောင် တန်ဖိုးလည်းရှိအောင် အပြင်လိုင်းကနေစဝယ်သင့်ပါတယ်။ ကလေးတွေနဲ့အတူ ဈေးဝယ်ထွက်ရင်လည်း ဒီနည်းကို မမေ့ပါနဲ့နော်။
ကုန်ဆုံးရက် သေချာစစ်ဆေးပါ
ဈေးဝယ်သူတို့မဖြစ်မနေလုပ်ဆောင်သင့်တဲ့အရာထဲမှာ ကိုယ်ဝယ်မယ့် ကုန်ပစ္စည်းရဲ့ ထုတ်လုပ်ရက်၊ ကုန်ဆုံးရက်တွေကို မဖြစ်မနေစစ်ဆေးဖို့ပါပဲ။ ဒီလို Expiry Date တွေဟာ ကုန်ပစ္စည်းရဲ့ အဖုံးမှာ၊ အောက်ခြေမှာ၊ ကိုယ်ထည်ပေါ်မှာ စသဖြင့်နေရာအနှံ့မှာရှိနေတတ်ပါတယ်။ ဒါတွေကို မဖြစ်မနေရှာဖတ်ပါ။

တစ်ပတ်စာ၊ တစ်လစာ ခွဲခြားပါ
ကျွန်မတို့အနေနဲ့ မီးဖိုချောင်မှာ အမြဲသုံးနေရမယ့် ပစ္စည်းတွေ၊ အထားခံတဲ့ ပစ္စည်းတွေကို တစ်လစာကြိုတင်ဝယ်ထားဖို့လိုပါတယ်။ ဥပမာ- ခနောကြက်သားမှုန့်၊ ခနောတုန်ယမ်းခဲ၊ လက်ဖက်ခြောက်၊ ကော်ဖီ၊ ဆန်၊ ဆီ၊ ကြက်သွန်၊ မကြာခဏစားဖြစ်နေတဲ့ ခနောဆန်ပြုတ်ထုပ် စတာတွေကိုတော့ တစ်လစာကြိုတင်ဝယ်ယူထားနိုင်ပါတယ်။ ဒီလိုအမြဲသုံးနေရတဲ့ထုတ်ကုန်တွေအတွက် ပရိုမိုးရှင်းအစီအစဉ်တွေကိုလည်း မျက်ခြည်မပြတ်ကြည့်ထားသင့်ပါတယ်။ ကိုယ်က အမြဲဝယ်နေရမယ့်ပစ္စည်းတွေမို့ ဘယ်လိုပရိုမိုးရှင်းပဲမိမိ ကိုယ့်အတွက်တော့ အမြတ်ပါပဲနော်။ ဒီလိုတစ်လစာစာရင်းကို ဝယ်ပြီးပြီ ဖယ်ပြီးပြီဆိုရင်တော့ တစ်ပတ်စာအတွက် ကုန်ကျစရိတ်ကို ဖယ်ထား စိစစ်ထားနိုင်ပါပြီနော်။
အခုမျှဝေခဲ့တဲ့ ဈေးဝယ်ထွက်နည်းလမ်းညွှန်ချက်လေးတွေက အားလုံးအတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်နော်။ သူငယ်ချင်းတို့သိရှိထားတဲ့ နည်းလမ်းကောင်းလေးတွေရှိရင်လည်း မျှဝေခဲ့ပါဦးလို့ ပြောချင်ပါတယ်။
သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်