အထင်ကရ မြန်မာ့အစားအစာ ၅ မျိုးအကြောင်း
မြန်မာနိုင်ငံဟာ ခုဆို နိုင်ငံခြားခရီးသွားတွေနဲ့ လည်ပတ်စရာအကောင်းဆုံး အရှေ့တောင်အာရှနိုင်ငံတစ်ခုထဲမှာ ပါနေပြီဆိုတာ ကျွန်မတို့သိပြီးတဲ့နောက် ကိုယ့်နိုင်ငံရဲ့ ထင်ရှားတဲ့အရာတွေအကြောင်း ပြောပြရမယ့်အထဲမှာ မြန်မာ့ရိုးရာအစားအစာတွေကလည်း ထိပ်ဆုံးက ပါနေတယ်လေ။အဲ့ဒီအစားအစာတွေထဲမှာ မြန်မာ့ရိုးရာအစားအစာဟေ့ဆိုတာနဲ့ လုံးဝမေ့လို့မရတဲ့အထဲမှာ ဒီစားစရာ ၅ မျိုးလည်းပါဝင်ပါတယ်။
မုန့်ဟင်းခါး
မြန်မာလူမျိုးမှန်ရင် မုန့်ဟင်းခါးနဲ့ ခွဲလို့ကို မရပါဘူး။ ဟိုးအထက်အညာဒေသကနေ အောက်ပြည်အောက်ရွာအထိ မုန့်ဟင်းခါးကို ဒေသအလိုက်ချက်နည်းအမျိုးမျိုး၊ အရသာအမျိုးမျိုးနဲ့ ချက်ပြုတ်စားကြတယ်လေ။ငါးကို အခြေခံပြီး ကြက်သွန်ဖြူနီဆီသတ်၊ ငါးအသားနွှင်၊ ငံပြာရည်ကောင်းကောင်းနဲ့ ချက်ရပြီး ဆန်ကနေ လုပ်တဲ့ မုန့်ဖတ်လေးတွေနဲ့ တွဲစားရတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမြန်မာတစ်နိုင်ငံတည်းမှာပဲ ရတဲ့ ဒေသစာဆိုလည်း မမှားဘူးလေ။
လက်ဖက်သုပ်
တခြားနိုင်ငံတွေက လက်ဖက်ခြောက်ကို လက်ဖက်ရည်ကြမ်းအဖြစ် ရေနွေးနဲ့ သောက်ချိန်မှာ မြန်မာလူမျိုးတွေဆီမှာတော့ လက်ဖက်ရည်ကြမ်းအပြင် လက်ဖက်စိုက်ခင်းတွေဆီက ကိုယ်တိုင်စိုက်တဲ့ လက်ဖက်စိုအနုလေးတွေကိုထောင်း၊သေချာနှပ်ပြီး ကြက်သွန်၊ မြေပဲ၊ နှမ်း၊ ပဲကြီးစတဲ့ အကြော်စုံနဲ့ ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ ပုစွန်ခြောက်တွေ အစုံရောပြွမ်းနယ်စားတဲ့ လက်ဖက်သုပ်လည်းနာမည်ကြီးပါတယ်။ လက်ဖက်ရဲ့ဆိမ့်သက်တဲ့ အမွှေးနံ့နဲ့ အရသာကြောင့် နိုင်ငံခြားသားတွေကအစ ကြိုက်နှစ်သက်ကြပါလေရဲ့။
ရှမ်းခေါက်ဆွဲ
ရှမ်းပြည်နယ်ရဲ့ အထင်ကရစားစရာလည်းဖြစ် တစ်နိုင်ငံလုံးရဲ့မနက်စာထဲမှာ မပါမဖြစ်ပါတဲ့ စားစရာကတော့ ရှမ်းခေါက်ဆွဲပူပူနွေးနွေးလေးပဲလေ။ ခေါက်ဆွဲကိုရေနွေးဖျော၊ခရမ်းချဉ်သီးအနှစ်၊ကြက်သားအနှစ်၊ပဲငံပြာရည်၊မြေပဲမှုန့်တွေနဲ့ ပူပူနွေးနွေးခပ်မွှေးမွှေးစားရတဲ့ ဒီရှမ်းခေါက်ဆွဲလေးကလည်း လူအတော်များများကြိုက်တဲ့အထဲ ပါဝင်ပါတယ်။
ရခိုင်မုန့်တီ
ရခိုင်ဒေသကနေ တစ်နိုင်ငံလုံးထိ နာမည်ကြီးတဲ့ ရိုးရာစာကတော့ အာပူလျှာပူလည်းခေါ်ကြတဲ့ ရခိုင်မုန့်တီပေါ့။ ငါးကရတဲ့ အချိုဓါတ်လေးကို ငါးပိမွှေးမွှေးလေးနဲ့ ပဒဲကောလေးနဲ့ ချက်ပြုတ်ပြီးဆန်ကနေရတဲ့ မုန့်ဖတ်လေးနဲ့ အရည်ကျဲကျဲပူပူစပ်စပ်စားရတဲ့ အစားအစာတစ်မျိုးပေါ့။
မန္တလေးမုန့်တီ ခေါ် နန်းကြီးသုပ်
မန္တလေးရဲ့ အထင်ကရအစားအစာဖြစ်ပြီး ဆန်ကရတဲ့မုန့်ဖတ်အလုံးကို အရွယ်အစားအမျိုးမျိုးနဲ့ပြင်ဆင်ပြီး ဆီချက်၊ပဲမှုန့်တို့နဲ့ မွှေးနေအောင် သုပ်စားရတဲ့ အစားအစာမျိုးပါ။ နံနက်စာအနေနဲ့ မပါမဖြစ်ထည့်ရမယ့် မြန်မာ့ရိုးရာစာစစ်စစ်ထဲပါတယ်လေ။
ဒီ ၅ မျိုးကတော့ ကျွန်မတို့ မြန်မာလူမျိုးတိုင်းရဲ့အကြိုက် မြန်မာ့ရိုးရာဒေသစာစစ်စစ်တွေပါပဲ။ သူ့ပြည်၊ သူ့ခရိုင်နဲ့သူ ချက်ပြုတ်နည်း၊ ပြင်ဆင်နည်းတွေကွာပေမယ့် မြန်မာပြည်ကိုများအလည်လာခဲ့ရင် မစားမဖြစ်စားရမယ့် ဒေသစာတွေထဲ ထိပ်ဆုံးရပ်တည်နေတဲ့ အစားအစာတွေပေါ့။
How to cook ပရိသတ်ကြီးရော မြန်မာ့ရိုးရာအစားအစာဆိုတာနဲ့ ဘယ်ဒေသစာတွေပြေးမြင်မိလဲ ဖြည့်စွက်သွားကြပါဦး။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်