မီးဖိုချောင်လျှပ်စစ်အန္တရာယ် လုံခြုံစိတ်ချရအောင် လိုက်နာရမယ့် အချက်၅ချက်
အိမ်တစ်အိမ်လုံးအတွက် အစာအာဟာရကို မီးဖိုချောင်ထဲမှာ တာဝန်ယူရတဲ့ အိမ်ရှင်မတွေဟာ တစ်နေ့တစ်နေ့ဟင်းအမျိုးမျိုးကို ရေနဲ့ဆေးပြီး လျှပ်စစ်မီးနဲ့ ချက်ရပြုတ်ရတာမို့ အခန့်မသင့်ရင် လျှပ်စစ်အန္တရာယ်ကို စိတ်ပူရတတ်ပါတယ်။
ရေနဲ့ လျှပ်စစ်အမြဲလိုလို ထိတွေ့နေရတာကြောင့် မီးအန္တရာယ်တွေ၊ အသက်အန္တရာယ်တွေ အမျိုးမျိုးကလူကို ခြိမ်းခြောက်နေပါတယ်။ဒါ့ကြောင့် ဒီတစ်ခေါက်တော့ မီးဖိုချောင်မှာ လျှပ်စစ်အန္တရာယ်ကင်းအောင် မဖြစ်မနေလိုက်နာသင့်တဲ့ အချက်၅ချက်ကို ပြောပြပေးသွားပါမယ်။
၁) မီးဖိုချောင်က လျှပ်စစ်မီးခလုတ်တွေကို ဘေစင်၊ ဒါမှမဟုတ် ရေပိုက်ခေါင်းတွေနဲ့ ခပ်ဝေးဝေးမှာ ဆင်ပါ။
၂) ပလပ်ပေါက်တွေနဲ့ ကြိုးတွေကို ကိုင်တဲ့အခါမှာ ကိုယ့်လက်ကို အမြဲခြောက်သွေ့နေအောင် ထားပါ။အဝတ်စိုတွေ၊ကြမ်းပြင်စိုတွေပေါ် မနင်းထားမိပါစေနဲ့။ အိမ်ရဲ့ မီးဖိုချောင်တစ်ခုလုံးကိုလည်း ခြောက်သွေ့နေအောင် ထားပေးပါ။
၃) ကြမ်းပြင်လျှောက်လမ်းတွေပေါ်မှာ လျှပ်စစ်ဝိုင်ယာကြိုးတွေ မသွယ်တန်းထားမိပါစေနဲ့။ အဲ့ဒါက ကြိုးတွေကို ပိုမိုပျက်စီးစေပါတယ်။
၄) Toaster တို့၊ Coffee Maker တို့ အစရှိတဲ့ ပလပ်ထိုးတည်ရတဲ့ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုချိန်မှာ ပလပ်ဖြုတ်ထားပေးပါ။
၅) လျှပ်စစ်အန္တရာယ်ပိုများများသုံးရတဲ့ လျှပ်စစ်မီးသီးတွေကို မတပ်ဆင်သင့်တဲ့အပြင် ပေါက်ပြဲနေတဲ့ ဝိုင်ယာတွေကို တိပ်ကပ်သုံးတာကို လုံးဝရှောင်ရှား သင့်ပါတယ်။
ဒီအခြေခံအချက်တွေနဲ့သာဆိုရင် လျှပ်စစ်မီးအန္တရာယ်အတော်အသင့်ကာကွယ်နိုင်ပြီးစိတ်ချရတဲ့မီးဖိုချောင်လေးဖြစ်ပါပြီ။
ဒီအချက်တွေ အပြင် မတော်တဆ ဓာတ်လိုက်တဲ့အခါ ဘာတွေ လုပ်ဆောင့်သင့်လဲ ဆိုတာကိုပါ အကြံပြုဖော်ပြပေးလိုက်ပါတယ်နော်။

AddThis is disabled because of cookie consent
Lifestyle