ဟင်းအတွဲအစပ်မိအောင် အိမ်ရှင်မတွေဘယ်လိုစဉ်းစားသလဲ
အိမ်ရှင်မတွေ၊ မိသားစုအတွက်ထမင်းဟင်းချက်ရလေ့ရှိသူတွေအနေနဲ့ နေ့စဉ်ဘာချက်ရင်ကောင်းမလဲစဉ်းစားရတာက တကယ့်ကိုစိန်ခေါ်မှုပါပဲ။ ဟင်းအတွဲအစပ်ကို တစ်နေ့တစ်မျိုးမရိုးအောင်စဉ်းစားရသလို အာဟာရပြည့်ဝဖို့နဲ့ဈေးဖိုးကိုလည်း ထည့်တွက်ရပါသေးတယ်။
အိမ်ရှင်မတွေအနေနဲ့ထမင်းတစ်နပ်နဲ့တစ်နပ်ဟင်းအတွဲအစပ်မိအောင် ဘယ်လိုစဉ်းစားလေ့ရှိသလဲဆိုတာကို မင်္ဂလာဒုံမြို့နယ်မှာနေထိုင်တဲ့ မညိုညိုလွင် ကိုမေးမြန်းဖြစ်ခဲ့ပါတယ်။ မညိုညိုလွင်က မိသားစုဝင်၅ ယောက်ရှိတာမို့ အားလုံးအကြိုက်ပါဝင်အောင် ဈေးဝယ်ရလေ့ရှိတယ်လို့ဆိုပါတယ်။
“ကျွန်မမှာက အဖေ၊ ခင်ပွန်းနဲ့သားသမီးနှစ်ယောက်ရှိတာဆိုတော့ လူကြီးတွေအတွက်လည်းအဆင်ပြေအောင်၊ ကလေးတွေကြိုက်တဲ့အစားအသောက်လေးတွေလည်းပါအောင် အမြဲတမ်းစဉ်းစားဝယ်ခြမ်းရပါတယ်။ ကျွန်မအတွက်တော့ တစ်ပတ်စာစဉ်းစားပြီး ဈေးဝယ်ရတာက တကယ့်ကိုစိန်ခေါ်မှုတစ်ခုပါပဲ။ ဘာမှကြိုမစဉ်းစားဘဲ ဈေးသွားဝယ်ရင် ဘယ်လိုမှအဆင်မပြေပါဘူး။ ဒါကြောင့် အမြဲတမ်းကြိုတင်စဉ်းစား List ချရေးပြီးမှ ဈေးသွားလေ့ရှိပါတယ်” လို့ပြောပြပါတယ်။
ထမင်း၊ ဟင်း ချက်တဲ့နေရာမှာ ဟင်းအတွဲအစပ်မိအောင် စဉ်းစားပြင်ဆင်တတ်ဖို့ကတော့ တကယ့်ကိုအရေးကြီးတဲ့အရာဖြစ်ပါတယ်။ ချက်ပြုတ်ပြင်ဆင်ထားတာ မွှေးကြိုင်နေပြီး ဟင်းအမျိုးအမည်လည်းများတယ်ဆိုပေမယ့် ဟင်းအတွဲအစပ်မမိရင် စားမြိန်တဲ့ထမင်းဝိုင်းဖြစ်မလာနိုင်ပါဘူး။
ဒီအချက်နဲ့ပတ်သက်ပြီးတော့လည်း မညိုညိုလွင်က
“ဟင်းအတွဲအစပ်မှန်ဖို့ကတော့ တကယ့်ကိုအရေးအကြီးဆုံးပါပဲ။ မီးဖိုချောင်စဝင်ချိန်မှာတော့ ဟင်းအတွဲအစပ်တွေစဉ်းစားရတာခက်တယ်လို့ထင်ရပေမယ့် တကယ်တမ်းထမင်း၊ဟင်းချက်ပြုတ်တာကြာလာတဲ့အချိန် ဝါရင့်အိမ်ရှင်မကြီးဖြစ်လာပြီဆိုရင်တော့ ဒါကမခက်ခဲတော့ပါဘူး။"
"ကျွန်မအနေနဲ့ကတော့ ဟင်းတွဲစပ်တဲ့နေရာမှာ ကျန်းမာရေးနဲ့ညီညွတ်ပြီး အာဟာရရှိဖို့ကို ဦးစားပေးစဉ်းစားဖြစ်ပါတယ်။ ကိုယ်ကအကြောတက်စာတွေချည်းပဲချက်ကျွေးမိတာမျိုးလည်း မဖြစ်သင့်ဘူးလေနော်။"
"ပြီးတော့ ခံတွင်းလိုက်ဖို့အရေးကြီးတယ်။ အရည်ဟင်းမပါဘဲ ဟင်းခြောက်ခြောက်တွေချည်းပဲဆိုရင်လည်း စားမကောင်းသလို ချိုချိုအီအီတွေချည်းပဲဆိုရင်လည်း ဘယ်လိုမှခံတွင်းတွေ့မှာမဟုတ်ပါဘူး။ ဒါကြောင့် အသားဟင်းတစ်ခွက်ပါရင် အရည်သောက်တစ်ခွက်ပါမယ်၊ အသားဟင်းနဲ့အရည်သောက်က အချိုတွေဖြစ်မယ်ဆိုရင် အအီပြေအောင် ချဉ်ချဉ်စပ်စပ်အသုပ်တစ်မျိုးပါမယ်ပေါ့။"
"ဗမာစတိုင်လ်ဆိုရင်လည်း ဗမာစတိုင်လ်အတွဲအစပ်မှန်ရမယ်၊ ဆယ့်နှစ်မျိုးဟင်းချို၊ ချိုချဉ်ကြော်တွေလုပ်ထားပြီး ငါးပိရည်တို့စရာ၊ တမာချဉ်တွေတို့ခိုင်းတာမျိုးမဖြစ်သင့်ပါဘူး။ ဒါကြောင့် ဒီတစ်နပ်တော့ တရုတ်ဟင်းလျာတွေပဲစားမယ်ဆို တရုတ်စာကို အကြော်၊အရည်၊အသုပ်ပါမယ်။ မြန်မာစတိုင်လ်စားမယ်ဆို မြန်မာစတိုင်လ် ဟင်းရည်၊အသားဟင်း၊အသုပ် စသဖြင့်ကွဲကွဲပြားပြားလုပ်သင့်ပါတယ်” လို့ ပြောပြပေးသွားပါတယ်။
How to cook ချစ်သူတွေရော ဟင်းအတွဲအစပ်ကိုဘယ်လိုစဉ်းစားလေ့ရှိသလဲဆိုတာ မျှဝေပေးခဲ့ပါဦးနော်။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်