မီးဖိုချောင်သုံးဓားတွေကို ဒီနည်းလမ်း ၃ ခုနဲ့ထိန်းသိမ်းကြမယ်
အစားအစာပြင်ဆင်ချက်ပြုတ်ရာမှာ လွယ်ကူမြန်ဆန်စေဖို့ မီးဖိုချောင်သုံးဓားတွေဟာလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်နော်။ အရည်အသွေးကောင်းတဲ့ မီးဖိုချောင်သုံးဓားတွေဟာ တန်ဖိုးမနည်းလှတာမို့ စနစ်တကျထိန်းသိမ်းသုံးစွဲတတ်ဖို့လိုပါတယ်။ ဒါကြောင့် မီးဖိုချောင်သုံးဓားတွေကို ဘယ်လိုထိန်းသိမ်းမလဲဆိုတဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

သန့်ရှင်းစေခြင်း
ဓားတွေကို တာရှည်သုံးချင်တယ်ဆိုရင် အသုံးပြုပြီးချိန်တိုင်း အမြဲသန့်စင်ပေးဖို့လိုပါတယ်။ အသားငါးလှီးပြီးတဲ့အခါ ဓားကိုပြန်မသန့်ရှင်းဘဲ အချိန်အကြာကြီးပစ်ထားတာမျိုးမလုပ်သင့်ပါဘူး။ ဆပ်ပြာ၊ ဖော့ဖတ်၊ အစိမ်းဖတ်လေးတွေနဲ့ ပွတ်တိုက်သန့်ရှင်းပေးပါ။ တချို့သော စေးကပ်တဲ့အရာတွေကို လှီးတယ်ဆိုရင်တော့ ရေနွေး၊ မုန့်ဖုတ်ဆိုဒါတွေနဲ့စိမ်ပြီး သန့်ရှင်းပေးနိုင်ပါတယ်။

ထားသိုသိမ်းဆည်းခြင်း၊ လှီးဖြတ်ခြင်း
ဓားတွေဟာလည်း ဟင်းသီးဟင်းရွက်တွေလိုပဲ ထားသိုသိမ်းဆည်းပုံမှန်ကန်ဖို့လိုပါတယ်။ ဓားတွေကို ရေခြောက်အောင်မသုတ်ဘဲ အံဆွဲထဲထည့်သိမ်းတာ၊ လေဝင်လေထွက်မရှိတဲ့ ဘူးတွေ၊ ပုလင်းတွေထဲကို ရေစက်လက်နဲ့ ထည့်ထားတာမျိုးလုံးဝမလုပ်သင့်ပါဘူး။ အကောင်းဆုံးက ရေခြောက်အောင်သုတ်ပြီး ဓားအိမ်ထဲကိုစနစ်တကျပြန်ထည့်သင့်ပါတယ်။ ဆန်ထည့်ထားတဲ့ ခွက်ထဲကိုလည်း ထိုးစိုက်ထားနိုင်ပါတယ်။
အစားအစာတွေကို လှီးဖြတ်တဲ့အခါမှာလည်း အဆင်ပြေရာတစ်ခုခုပေါ်တင်ပြီး လှီးဖြတ်တာမျိုးမလုပ်သင့်ပါဘူး။ စဉ်းတီတုံးပေါ်တင်ပြီး လှီးဖြတ်တာက ဓားတွေကိုပျက်စီးမှုနည်းစေပါတယ်။ အကောင်းဆုံးကတော့ သစ်သားစဉ်းတီတုံးဖြစ်ပါတယ်။

အချိန်မှန်ဓားသွေးပေးခြင်း
ဓားတုံးတုံးကြီးတွေသုံးရတာ အရမ်းစိတ်ညစ်ဖို့ကောင်းပါတယ်နော်။ ဓားတုံးနေရင် အသားငါး၊ အသီးအနှံလှီးတဲ့အခါတိုင်း ကိုယ်လိုချင်တဲ့ပုံမထွက်တာ၊ မလိုအပ်ဘဲ အားစိုက်နေရတာမျိုးကြုံရပါတယ်။ ဒါကြောင့် ဓားတွေကိုအချိန်မှန်မှန် သွေးပေးသင့်ပါတယ်။ ဓားသွေးတဲ့အခါမှာ ဓားသွေးကျောက်ကိုပဲ အသုံးပြုပေးပါ။ ဓားဓားချင်းပွတ်တာမျိုး၊ ကြွေပန်းကန်စောင်းမှာပွတ်သွေးတာမျိုးနဲ့ တခြားသောအလွယ်လိုက်တဲ့ နည်းလမ်းတွေက ဓားတွေကိုမြန်မြန်ပျက်စီးစေပါတယ်။ ဒါကြောင့် ဓားသွေးကျောက်ဝယ်ပြီး တစ်လနှစ်ကြိမ်ခန့် ဓားသွေးဖို့ကို အကြံပြုချင်ပါတယ်။ ကိုယ်ကဓားသွေးမကျွမ်းကျင်ရင်တော့ ကျွမ်းကျင်တဲ့သူဆီကိုအပ်တာက ပိုအဆင်ပြေပါတယ်။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်