ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ သီးရွက်စုံသုပ်များ
မိန်းကလေးဆိုတာ စားလည်းစားချင် လှချင်ပချင်အရွယ်လေးတွေဆိုတော့ ကျန်းမာရေးနဲ့ညီညီ ကိုယ်ရည်စစ်စစ်လေးရှိချင်တယ်လေ။ ဘိုးဘွားတွေအတွက်ဆိုလည်း အသက်အရွယ်ရလာတော့ကျန်းမာရေးနဲ့ ညီတဲ့ အသီးအရွက်သုပ်လေးတွေ ကျွေးချင်တဲ့အခါ ညီမကတော့ ဒီလိုအသုပ်လေးတွေသုပ်ပေးလိုက်တာပဲ။ ဖော်ပြထားတဲ့ အသုပ်တစ်ခုချင်းစီမှာ ကျန်းမာရေးကောင်းကျိုးတွေ ပါဝင်ပါတယ်။

မြင်းခွာရွက်သုပ်ဆိုတာ မျက်လုံးအတွက် ကောင်းစေပါတယ် (Photo: Shutterstock)
မြင်းခွာရွက်သုပ်
မြင်းခွာရွက်ဆိုတာ မြန်မာလူမျိုးတွေအတွက် မျက်လုံးအားကောင်းစေတယ်၊ အားဖြည့်စေတယ်၊အိပ်ရေးဝတယ်၊မှတ်ဉာဏ်ကောင်းစေတယ်၊မိန်းကလေးတွေအတွက်အသားအရေနုပျိုစေတယ်လို့ မှတ်ယူထားကြတဲ့ အရွက်တစ်မျိုးပါ။ သားအိမ်ရောဂါတွေသက်သာစေပြီး ရောဂါတော်တော်များများအတွက် ထိရောက်လို့ မြင်းခွာရွက်ကို ဆီ၊ ဆား၊ မြေပဲမှုန့်လေးတွေနဲ့ သံပုရာရည်လေးညှစ်ပြီး သုပ်စားလေ့ ရှိကြပါတယ်။

အသားအရေလှပစေမယ့် ခရမ်းချဉ်သီးသုပ် (Photo: Shutterstock)
သီးရွက်စုံသုပ်တွေကို အခုလို ကျန်းမာရေးနဲ့ ကိုက်ညီအောင် စားသုံးပေးနိုင်ပါတယ်။

ခရမ်းချဥ်သီးသုပ်
ခရမ်းချဉ်သီးက အသားအရေလှစေတယ်။ အရိုးအဆစ်သန်မာစေပါတယ်။ သွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ပြီး အမြင်အာရုံကောင်းစေပါတယ်။ အဲ့ဒါမို့ မကြာခဏ ခရမ်းချဉ်သီးလေးကိုကြက်သွန်နီ၊ သံလွင်ဆီ၊ မြေပဲမှုန့်၊ ကြက်သွန်ကြော်တို့နဲ့ ခရမ်းချဉ်သီးသုပ်လေး လုပ်စားပေးသင့်ပါတယ်။

အစာကြေစေတဲ့ ထောပတ်သီးသုပ် (Photo: Shutterstock)
ထောပတ်သီးသုပ်
ထောပတ်သီးက အစာကြေစေတယ်။ အရေပြားအသားအရေအတွက် ကောင်းစေတယ်။ ဗီတာမင်စီနဲ့ ဗီတာမင်အီးပါလို့ ကင်ဆာအတွက် ကောင်းပါတယ်။ သွေးပေါင်ချိန်နဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းစေပါတယ်။ရောင်ရမ်းမှုကို သက်သာစေပါတယ်။အဲ့ဒါမို့ ထောပတ်သီးကို ဖျော်ရည်ဖျော်သောက်ရုံသာမက တောင်ပေါ်ဒေသတွေမှာဆို ခရမ်းချဉ်သီးလေး၊ ကြက်သွန်နီလေးနဲ့ သံလွင်ဆီ၊ သကြား၊ ဆား၊ ငရုတ်ကောင်းမှုန့်လေးနဲ့သုပ်စားတတ်ကြပါတယ်။

ကျန်းမာရေးဓာတ်စာ မုန်လာဥနီသုပ် (Photo: Shutterstock)
မုန်လာဥနီသုပ်
မုန်လာဥနီကတော့ ကျန်းမာရေးအတွက် အထောက်အကူပြုဆုံးပါပဲ။ မျက်လုံး၊ အရေပြား၊ ဆံပင်တို့အတွက် ဓါတ်စာပါပဲ။ အသက်အရွယ်ကြီးရင့်မှုရဲ့ အကျိုးဆက်တွေကိုလည်း လျှော့ချစေပါတယ်။ဦးနှောက်သွေးကြောအတွက် ကောင်းမွန်ပြီး နှလုံးရောဂါသမားတွေအတွက်လည်း အကျိုးကျေးဇူးများပါတယ်။ မုန်လာဥနီကိုတော့ ခြစ်လေးနဲ့ခြစ်ပြီး သံပုရာသီး၊ ဆီချက်၊ပဲမှုန့်၊ ဆားတို့နဲ့ သုပ်စားသင့်ပါတယ်။
ဒီအသုပ်လေးတွေကတော့ လွယ်လွယ်လေးသုပ်စားလို့ ရပြီး ကျန်းမာရေးကောင်းကျိုးတွေအများကြီးရှိထားတာဆိုတော့အိမ်မှာမကြာခဏသုပ်စားနိုင်ပါတယ်။အိမ်ရှင်မတို့ရောကျန်းမာရေးအတွက်ဘယ်လိုအသုပ်လေးတွေညွှန်းချင်ပါသလဲပြောပြပေးပါဦး။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်