ဆန်ပြုတ်က ကျန်းမာရေးအတွက် ဘယ်လို အကျိုးပြုစေသလဲာ
နေမကောင်းဖြစ်ရင် ဆန်ပြုတ်တိုက်ကြ၊အားမရှိရင် ဆန်ပြုတ်တိုက်ကြ၊ သက်ကြီးရွယ်အိုတွေကို ဆန်ပြုတ်တိုက်ကြနဲ့ ဆန်ပြုတ်ဆိုတာ နေမကောင်းဖြစ်မှ အားရှိမှ သောက်ကြရတဲ့ ဓါတ်စာတစ်မျိုးလို့ လူတွေက ထင်မှတ်ထားကြပါတယ်။
တကယ်တော့ နေမကောင်းမှရယ်မဟုတ်ဘဲ ဆန်ပြုတ်ကိုသာ နေ့စဉ် ဒါမှမဟုတ် မကြာခဏပြုတ်သောက်နိုင်ရင် ထင်မထားနိူင်လောက်တဲ့ ကျန်းမာရေးကျေးဇူးတွေတော်တော်များများရှိနိုင်ပါတယ်။ အဲ့ဒီကျေးဇူးတွေ တော်တော်များများထဲကမှ ဆန်ပြုတ် သောက်တဲ့အခါ ရရှိနိုင်တဲ့ ကျန်းမာရေးနဲ့ သင့်တော်တဲ့ အကောင်းဆုံးအချက် ၃ချက်ကို ပြောပြပေးပါမယ်။
အစာကြေလွယ်စေတယ်
နေမကောင်းမှ သောက်ရုံမဟုတ်ဘဲ နေ့တိုင်း သောက်သုံးလို့ရတဲ့ အကောင်းဆုံးအချက်က အစာကြေလွယ်လွန်းပြီး လိုအပ်တဲ့အာဟာရအစုံပါဝင်နေတာပါ။ အမျှင်ဓါတ်နဲ့ပရိုတင်းဓါတ်ပိုကြွယ်ဝလို့ တော်တန်ရုံဆာလောင်မှုကိုလည်း လျှော့ချပေးပါတယ်။
ကိုလက်စထရော ကျဆင်းစေတယ်
ဆန်ပြုတ်သောက်တဲ့အခါ ဆန်ကြောင့် သွေးတွင်းဖိအားမြင့်တက်တာကို လျှော့ကျစေပြီး ကိုလက်စထရောကျဆင်းတာကြောင့် သွေးဖိအားမြင့်တက်တတ်တဲ့သူတွေ ဆန်ပြုတ်သောက်ပေးသင့်ပါတယ်လို့ ဆိုပါတယ်။
ခွန်အားဖြစ်စေတယ်
ဆန်ပြုတ်က ဗီတာမင်နဲ့ သက်စောင့်ဓါတ်ကြွယ်ဝတဲ့အပြင် ကယ်လ်ဆီယမ်ဓါတ်ကြောင့်အရိုးတွေကိုသန်မာစေပြီး ခွန်အားကိုအမြန်ဆုံးပြည့်စေပါတယ်တဲ့။
ဒီအချက်တွေအကုန်လုံးက လူတစ်ယောက်ကျန်းကျန်းမာမာရှိဖို့ အရေးအကြီးဆုံးအချက်တွေမို့ ဆန်ပြုတ်သောက်ရင်း အားဖြည့်လိုက်ကြရအောင်။
AddThis is disabled because of cookie consent
Lifestyle
နောက်ဆုံးတင်ထားသော ဆောင်းပါးများ
နောက်ဆုံးတင်ထားသော ဟင်းချက်နည်းများ
-
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်
30 မိနစ်
2 ဦးစာ
အလယ်အလတ်
-
အာဟာရပြည့် ခနောဆန်ပြုတ်နဲ့ ကြက်တောင်ပံပေါင်းလေးချက်ကြည့်ရအောင်
60 မိနစ်
1 ဦးစာ
အလယ်အလတ်
-
ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ သီးနှံစုံ အသားလုံးဆန်ပြုတ်
13 မိနစ်
4 ဦးစာ
အလယ်အလတ်
-
အရသာရှိပြီး ဗီတာမင် B1 နှင့် ပရိုတင်းဓါတ်ကြွယ်၀စွာပါ၀င်တဲ့ ကြက်ဥမဆလာဆန်ပြုတ်မွှေးမွှေးလေး
7 မိနစ်
4 ဦးစာ
အလယ်အလတ်