အစားအသောက်အလေအလွင့်ဖြစ်ခြင်းကို လျှော့ချနည်း ၅ နည်း
Hot Pot တွေ၊ BBQ တွေ မိသားစုလိုက်စားကြတဲ့အခါ၊ ရုံး Staff Party တွေ၊ Dinner တွေမှာ အဝကျွေးတဲ့အခါ၊ အိမ်မှာမိသားစု ထမင်းဟင်းစားတဲ့အခါ အစားအသောက်ကို မကုန်နိုင်ဘဲ အများကြီး ယူမိတာမျိုးတွေ ရှိကြမှာပါ။

ကမ္ဘာမှာ သန်းနဲ့ချီတဲ့ လူသားတွေနဲ့ကလေးငယ်တွေက စက္ကန့်တိုင်းမှာ အငတ်ဘေးနဲ့ကြုံနေရတဲ့အချိန် ကိုယ်တို့တွေက အစားအသောက်ကို စနစ်တကျ စားသောက်ဖို့မေ့နေပြီး လွယ်လွယ်ဖြုန်းတီးနေတုန်းဆိုတော့ ဒီနေ့ကစပြီး ဘယ်လိုအလေအလွင့်မဖြစ်အောင် ထိန်းသိမ်းကြမလဲဆိုတာ ဒီနည်းလေးတွေနဲ့ အဖြေရှာကြည့်ရအောင်။
၁) အလှူမှာပဲ ဖြစ်ဖြစ်၊ အဝစားအစားအစာဆိုင်တွေမှာ စားတာပဲ ဖြစ်ဖြစ် ကိုယ်ယူချင်တဲ့အရေအတွက်ပမာဏထက် ထက်ဝက်လျှော့ယူ၊လျှော့မှာစားပါ။ ဒီလိုနည်းနဲ့ ကိုယ်ပထမယူထားတဲ့အစားအစာတွေကုန်သွားချိန်မှာ ဗိုက်ပြည့်ပြီး များများမယူမိတာအတွက် မှန်တယ်လို့တွေးမိနေပါလိမ့်မယ်။ အမြဲထက်ဝက်နော်။
၂) ကိုယ်မကြိုက်တာ၊မကြိုက်နိုင်လောက်တာတွေအတွက် စျေးမဝယ်လာပါနဲ့။ Steak တစ်ပွဲလုပ်ဖို့ Mashed Potato ကိုမကြိုက်ရင် အစတည်းက အာလူးကိုမဝယ်ဘဲ ချန်ခဲ့ပါ။ ပြီးတော့ မလိုအပ်တဲ့အစားအသောက်ကိုအလှဆင်တာတွေ မလုပ်ဖို့ ပြန်ထိန်းပါ။
၃) ဘာမဆို Expired Date ကြည့်ပြီးမှဝယ်ပါ။ ကိုယ်လတ်တလောစားမယ့်အစားအစာတွေမဟုတ်ရင် Expired Date ကို ခွာနိုင်သမျှ ခပ်ဝေးဝေးမှာ ကုန်မယ့်အမျိုးအစားရွေးယူပါ။
၄) အစားအသောက်တွေကို သူ့အကန့်နဲ့သူ ရေခဲသေတ္တာထဲမှာ သေချာသိမ်းဆည်းပါ။ ရောနှောမိရင်း ပျက်စီးသွားတာမျိုးက မစားရဘဲ ငွေကုန်ပြီး လွှင့်ပစ်ရစေတာမို့ပါ။

၅) အစားအသောက်အပေါ် နှမြောတသစိတ်ထားပါ။ ကျန်တာတွေကောင်းနိုင်မယ်ထင်တာတွေကိုစနစ်တကျသိမ်းပြီး ပြန်နွှေးစားပါ။ အစားအသောက်အတွက် ပိုက်ဆံမလိုဘဲမဖြုန်းဘူးဆိုတဲ့ စိတ်ခံယူချက်ထည့်ထားပါ။
ဒီနည်းလေးတွေ အတိုင်း ကျင့်သုံးကြည့်ရင် တစ်လအတွင်း အိတ်ကပ်ထဲမှာ ငွေပိုများလာပြီး အစားအသောက်အတွက် လေလွင့်ဆုံးရှုံးတာတွေ နည်းသွားမှာ ဖြစ်ပါတယ်လို့ အကြံပြုပါရစေ။
AddThis is disabled because of cookie consent
Lifestyle