သစ်သီးတွေကို မှက်၊ခြင်၊ယင် မနားစေဖို့ နည်းလမ်းကောင်း ၅ ချက်

အိမ်မှာ သစ်သီးတွေ စားလေ့ရှိတဲ့သူတွေအတွက်တော့ တစ်ပတ်စာ အသီးအရွက်တွေကို ဝယ်ပြီး အေးအေးဆေးဆေးစားတတ်ကြတာ အိမ်ရှင်မတွေရဲ့ အလေ့အထပါ။ ဒါပေမယ့် ရက်ကြာကြာထားမိတာနဲ့ တချို့ မှည့်တဲ့အပိုင်းလေးတွေက မှက်တွေ၊ ခြင်တွေ၊ယင်တွေပါ ဖိတ်ခေါ်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါဆို သူတို့တွေကြောင့် ကျန်းမာရေးမထိခိုက်အောင် အသီးတွေကို ဘယ်လိုထားရမလဲဆိုတာ လိုလာပါပြီ။ ဒီနည်းလေးတွေကတော့ အလွယ်ကူဆုံး အင်းဆက်တွေ မကပ်စေမယ့် နည်းလမ်းလေးတွေပါပဲ။

၁) ပန်းသီးဗီနီဂါကို ဖန်ပုလင်းတစ်လုံးထဲထည့် ဆပ်ပြာရည်လေး ၂စက်လောက်ထည့်ပြီး ဖန်ပုလင်းကို အပေါက်ခပ်ကျဲကျဲဖောက်ထားတဲ့ အဖုံးဖုံးပြီး အသီးတွေနားသာ ထားကြည့်ပါ။ အသီးတွေကို ကပ်တဲ့ မှက်၊ခြင်၊ယင်တွေ ပုလင်းထဲပဲ ဝဲနေပါလိမ့်မယ်။

၂) အသီးတွေ ပိုးမွှားအင်းဆက်မကပ်နိုင်တဲ့နည်းကတော့ အေးခဲနေချိန်နဲ့ သန့်စင်နေချိန်တွေပါပဲ။ ရေကိုပြောင်အောင်ဆေးပြီး ရေခဲသေတ္တာထဲ တခြား အသားငါးတွေနဲ့အကန့်ခွဲပြီးထည့်ထားပါ။

၃) သစ်သီးတွေရဲ့ သဘာဝက မှည့်လေလေ ပိုးမွှားအင်းဆက် လာနိုင်လေလေပါပဲ။ အဲဒီတော့ ငှက်ပျောသီးတို့လို မှည့်တဲ့အသီးတွေနဲ့ တခြားမမှည့်သေးတဲ့အသီးတွေခွဲထားဖို့လိုပါတယ်။

using apple vinegar to catch flies and insects

၄) ပိုးမွှားကောင်တွေက ရင့်မှည့်တဲ့အနံ့ကို ကြိုက်ကြတာမို့ မှည့်ပြီးသား ငှက်ပျောခွံတစ်ခုခုကို ဖန်ပုလင်းထဲထည့် အပေါ်က ပလတ်စတစ်အိတ်ကို အပေါက်လေးတွေ ဖောက်ထားပေးပြီး အသီးတွေနဲ့မလှမ်းမကမ်းမှာထားထားရင် အင်းဆက်တွေက အဲဒီထဲပဲ တန်းတန်းမတ်မတ်ဝင်သွားကြပါလိမ့်မယ်။

၅) မှက်တို့လို အင်းဆက်ပိုးမွှားတွေ အဓိကလာရတဲ့ အချက်နောက်တစ်ချက်က ဆီ၊ပျားရည်တို့လို အဆီအနှစ်တွေကို အဖုံးမလုံအောင် ဖုံးထားတာကနေဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဘေစင်ကိုလည်း သန့်နေအောင် ထားထားပြီးရင် အဖုံးတွေ အကုန်လုံးကိုလည်း လုံနေအောင်ဖုံးထားဖို့၊ မီးဖိုချောင်ထဲ ဟင်းကျန်နဲ့ အမှိုက်တွေ မထားဖို့က အရေးအကြီးဆုံးပါပဲ။

ဒီအချက်တွေက အလွယ်ကူဆုံးအိမ်မှာလုပ်လို့ရပြီး အဆင်ပြေတဲ့နည်းလမ်းတွေချည်းပဲမို့ အမြန်ဆုံး လိုက်လုပ်လို့ရမယ်ထင်ပါတယ်။