ကမ္ဘာကျော်စားဖိုမှူးများရဲ့ ချက်နည်းပြုတ်နည်း လျှို့ဝှက်ချက်များ

Cooking Show တိုင်း၊ Program တိုင်းမှာ စားဖိုမှုးတွေချက်ပြတဲ့လက်ရာအတိုင်း အိမ်မှာမိသားစုအတွက် အိမ်ရှင်မတွေ အရသာရှိရှိချက်ကျွေးနိုင်ပါပြီလို့ သူတို့ ဆိုကြပေမယ့် ဘယ်လောက်ချက်ချက် ဘယ်လိုတိတိကျကျထည့်ထည့် စားဖိုမှုးတို့ရဲ့ လက်ရာကို မမီတဲ့အချိန်တွေ ရှိကိုရှိပါတယ်။ အမှန်တော့အဲ့လိုဖြစ်ရတာလုပ်သက်ဝါရော၊သဘာရော နှစ်ချို့နေပြီဖြစ်တဲ့ စားဖိုမှုးတို့ရဲ့ လက်စလက်နရယ်၊ လျှို့ဝှက်ထားတဲ့ နည်းလမ်းလေးတွေကြောင့်ပါတဲ့။ အဲ့ဒီ နည်းလမ်းတွေဟာ နေ့စဉ်ချက်ပြုတ်နေတဲ့သူတွေအတွက် တော်တော်လေးအသုံးဝင်တာမို့ နာမည်ကြီး Chef တို့ရဲ့ လျှို့ဝှက်နည်းတွေကို လေ့လာသိရှိရသလောက် တစ်စုတစ်စည်းတည်း ပြောပြပေးလိုက်ပါတယ်။

ကမ္ဘာကျော်စားဖိုမှူးများရဲ့ ချက်နည်းပြုတ်နည်း လျှို့ဝှက်ချက်များ

(၁) Los Angeles က Border Grill ရဲ့ Chef Susan Feniger က ဂျင်းတွေကို ထောင်းပြီးသုံးတာထက် ပိုထက်တဲ့ကြိတ်ပြားလေးနဲ့ လွှာပြီးသုံးတာက ပိုအနံ့အရသာမွှေးတယ်လို့ ဆိုပါတယ်။

(၂) Chef Marcus Samuelsson ရဲ့ ကြက်သားတွေကို နူးအိနေအောင် ကြော်နည်းကတော့ မကြော်ခင် ကြက်သားတွေကို ဆားနည်းနည်းပဲထည့်ထားတဲ့ ဆားရည်တစ်ထပ်စိမ်ပြီးမှ ကြော်ပါတယ်တဲ့။ အဲ့ဒီအခါ ကြက်သားရဲ့ အရသာက ပိုနူးပြီးအရသာအတော်ပဲဖြစ်နေတာ အံ့သြဖွယ်တွေ့ရမှာပါတဲ့။

(၃) Chef Ludo Lefebvre ကတော့ သူကြော်တဲ့ အာလူးချောင်းကြော် တွေ အမြဲကြွပ်မွနေအောင် အပေါ်ကနည်းလိုပဲ အမြဲမကြော်ခင် ဆားထည့်ထားတဲ့ ရေခဲရေစိမ်ပြီးမှ ကြော်ပါတယ်တဲ့။ အဲ့လိုမှ အာလူးချောင်းလေးတွေ ဝါးရတာ တကြွပ်ကြွပ်နဲ့ စားကောင်းမှာလို့ဆိုပါတယ်။

အာလူးချောင်းကြော်တွေကို မကြော်ခင် ဆားထည့်ထားတဲ့ ရေခဲစိမ်ပြီးမှ ကြော်ပါ (Photo: Shutterstock)

ကမ္ဘာကျော်စားဖိုမှူးများရဲ့ ချက်နည်းပြုတ်နည်းလျှို့ဝှက်ချက် အချို့ကို အခုလို တစုတစည်းတည်း မှတ်သားထားနိုင်ပါတယ်။

(၄) Food Network မှာ အီတလီစားသောက်ဆိုင် Osteria Mozza ရဲ့ Chef Nancy Silverton က ပင်လယ်စာ၊ ပါစတာ၊ ပီဇာ ၊ ငါး၊ အသား ဘာပဲချက်ချက် သံလွင်ဆီတစ်ဘူးဝယ်ပြီး ချက်ပြီးသမျှ အဆုံးသတ်တိုင်း သံလွင်ဆီ ပါလေရုံနဲ့ ထည့်ချက်ပေးရင် သူတို့ရဲ့ အရသာအကောင်းဆုံးကို ဖော်ထုတ်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။

ငါးအသားတွေမကပ်အောင် မယော့နိစ်လေးသုံးပြီး ကင်ပါ (Photo: Shutterstock)

(၅) နည်းနည်းတော့ ထူးဆန်းပေမယ့် Chef Michael Cimarusti က ငါးတွေကို Pan နဲ့ ကင်တဲ့အခါ ငါးအသားနုနုလေး မကပ်အောင် မယော့နိစ်သုံးပါတယ်တဲ့။ ဒီလောက်ဆို ကမ္ဘာကျော်စားဖိုမှူးကြီးတွေရဲ့လျှို့ဝှက်နည်းလမ်းအဖြာဖြာကို သိလောက်ပြီထင်ပါတယ်။ နောက်တစ်ခါ အိမ်မှာ ကိုယ့်လက်ရာ ပြပြီး ပိုကောင်းတဲ့ဟင်းလျာများ ချက်ပြုတ်နိုင်ပါစေလို့ How To Cook Team က ဆုတောင်းပေးလိုက်ပါတယ်။

သူငယ်ချင်းမိတ်ဆွေများနှင့် မျှဝေလိုက်ပါ

AddThis is disabled because of cookie consent