Skip to Content

အားအင်ပြည့်၀ အရသာရှိတဲ့ ပဲကုလားချဥ်ရည်ဟင်းချက်နည်း

ချက်ပြုတ်ချိန်
ချက်ပြုတ်ချိန်80
ချက်နည်းအဆင့်
ချက်နည်းအဆင့်အလယ်အလတ်
အရေအတွက်
အရေအတွက်4
အားအင်ပြည့်၀ အရသာရှိတဲ့ ပဲကုလားချဥ်ရည်ဟင်းချက်နည်း

How to Cook ပရိသတ်ကြီးရေ။ မိသားစုအတွက် အာဟာရပြည့်၀ပြီး ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ကို မိတ်ဆက်ပေးချင်ပါတယ်။ မိသားစုကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး ပရိုတင်းနဲ့ သံဓာတ်တွေပါ၀င်တဲ့ ကုလားပဲနဲ့ ဗီတာမင်မျိုးစုံပါ၀င်တဲ့ ဟင်းသီးဟင်းရွက်တွေ ပါ၀င်တဲ့ သီးစုံပဲကုလားချဥ်ရည်ဟင်းလေးပါပဲ။ ချဥ်ရည်ဟင်းအရသာလေးက အအီပြေ ထမင်းစားမြိန်စေပါတယ်။ ခုလိုဆောင်းတွင်းမှာ နွေးလည်းနွေး၊ အာဟာရလည်း ပြည့်ဝတဲ့ အတိုင်းထက်အလွန် ဟင်းလျာလေးဖြစ်လာမှာမို့ သီးစုံပဲကုလားချဥ်ရည်ဟင်းလေးကို ခနောချဥ်ပြုံးပြုံး မန်ကျည်းဟင်းခတ်မှုန့်လေးနဲ့ အခုပဲ ချက်လိုက်ရအောင်။

ဟင်းလျာအမျိုးအစားအလိုက်