Skip to Content

စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်

ချက်ပြုတ်ချိန်
ချက်ပြုတ်ချိန်60
ချက်နည်းအဆင့်
ချက်နည်းအဆင့်အလယ်အလတ်
အရေအတွက်
အရေအတွက်2
စားချင့်စဖွယ် အာဟာရစုံလင် ငရုတ်ပွသီးကြက်သားအစာသွပ်နဲ့ ခနောဆန်ပြုတ်

ဘယ်လိုလဲဗျာ.. နှစ်သစ်ရဲ့ ဒုတိယလမှာရော ကျန်းမာရေးနဲ့အညီ နေထိုင်ဖို့ ကြိုးစားတာတွေ အောင်မြင်ကြရဲ့လား။ ကျန်းမာရေးနဲ့အညီ စားသုံးဖို့ လုပ်ပေမယ့် တချို့ဟင်းလျာတွေကျတော့ အရောင်က ဖြူဖတ်ဖြူလျော်နဲ့ တချို့ဟင်းတွေကျတော့လည်း ကျန်းမာရေးနဲ့ညီပေမယ့် ဒါတွေချည်းပဲ စားရတာ ရိုးနေပြီဆိုရင် ထူးထူးခြားခြားလေးဖြစ်အောင် အရောင်စုံလင်ပြီး စားချင့်စဖွယ်ဖြစ်သလို ကိုယ်ခံစွမ်းအားစနစ်ကို အထောက်အကူပြုစေနိုင်တဲ့ ငရုတ်ပွသီးကြက်သားအစာသွပ်ချက်နည်းလေး မျှဝေပေးပါရစေ။ ငရုတ်ပွသီးမှာ ဗီတာမင်စီကြွယ်ဝလို့ အသားအရေအတွက်လည်း ကောင်းမွန်စေသလို ကိုယ်ခံအားစနစ်နဲ့ အာရုံကြောစနစ်ကို အားကောင်းစေပါတယ်။ ဒါတင်ပဲလားဆိုတော့ Folate ဓာတ်လည်းပါတဲ့အတွက် မောပန်းနွမ်းနယ်မှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ဒီလို ငရုတ်ပွသီးအရောင်စုံလေးကို ကြက်သားလေးနဲ့ အစာသွပ်ပြီး ခနောဆန်ပြုတ်ပူပူလေးနဲ့ ရှူးရှူးရှဲရှဲသောက်ကြည့်ဖို့ ချက်နည်းလေးကတော့

ဟင်းလျာအမျိုးအစားအလိုက်